မင်္ဂလာပါ။

Kairox Solution Agency မှကြိုဆိုပါတယ်။

လူတိုင်း မိမိတို့၏ အနာဂတ်အတွက် အဖိုးတန်ဆုံးအရာများကို ကာကွယ်ပေးနိုင်ရန် အာမခံစနစ်ကို တန်းတူညီမျှစွာ၊ လွယ်ကူလျင်မြန်စွာ ရယူသုံးစွဲပိုင်ခွင့် ရှိသင့်သည်။ ကျွန်ုပ်တို့သည် သင်နှင့် သင့်မိသားစု၊ လုပ်ငန်းခွင်နှင့် ဝန်ထမ်းများအတွက် အကောင်းဆုံးသော အာမခံဝန်ဆောင်မှုများကို ပံ့ပိုးပေးနေပါသည်။

Kairox Solution Agency သည် အမေရိကန်နိုင်ငံနယူးယောက်မြို့တွင်အခြေစိုက်တည်ရှိသည့် ပုဂ္ဂလိကပိုင်အာမခံကိုယ်စားလှယ်ဖြစ်ပါသည်။ နိုင်ငံတကာနှင့်အမေရိကန်ပြည်ထောင်စုအတွင်း သင်နှင့်သင့်မိသားစု (သို့မဟုတ်) စီးပွားရေးလုပ်ငန်းရှင်များနှင့်ဝန်ထမ်းများအတွက် လိုအပ်သည့်အာမခံအစီအစဉ်များလျှောက်ထားရာတွင် အခမဲ့ကူညီဝန်ဆောင်မှုများပေးလျက်ရှိပါသည်။

41

ပြည်နယ်များတွင် လိုင်စင်ရရှိပြီး ဝန်ဆောင်မှုပေးနေသည်

အခမဲ့ လျှောက်ထားနိုင်ခြင်း

မဖြစ်မနေ စာရင်းသွင်းရန်မလိုအပ်ပါ

ယုံကြည်ရသော အာမခံကုမ္ပဏီများ

အမေရိကန်နိုင်ငံတလွှားရှိ ကုမ္ပဏီများနှင့် ပူးပေါင်းထားပါသည်

တဦးခြင်းစီအတွက် အကြံဉာဏ်များ

လိုင်စင်ရ အေးဂျင့်များမှ အစအဆုံး အကူအညီပေးသွားပါမည်

Kairox Solution Agency က နိုင်ငံတကာနဲ့အမေရိကန်ပြည်ထောင်စုအတွင်း လူသိများတဲ့အာမခံကုမ္ပဏီများနဲ့အတူ ချိတ်ဆက်လက်တွဲလုပ်ကိုင်လျက်ရှိပါတယ်။

အတွေ့အကြုံရှိပြီးကျွမ်းကျင်တဲ့ အာမခံကိုယ်စားလှယ်များက တစ်ဦးချင်းစီရဲ့လိုအပ်ချက်နဲ့ကိုက်ညီပြီး ရသင့်ရထိုက်တဲ့ အစိုးရ၊ ပုဂ္ဂလိက (သို့) ကျောင်းသား၊ကျောင်းသူ အာမခံအစီအစဉ်များအတွက် အဆင့်ဆင့်လျှောက်လွှာတင်ပေးခြင်းနဲ့ သင့်တော်မယ့်အာမခံအစီအစဉ်များကူညီလျှောက်ထားပေးခြင်းဝန်ဆောင်မှုတို့ ပေးလျက်ရှိပါတယ်။ သင့်ရဲ့အနာဂတ်အတွက် စိတ်အေးချမ်းစေဖို့ အာမခံနဲ့ပတ်သက်တဲ့အကြံဉာဏ်နဲ့ဗဟုသုတများကိုလည်း လမ်းညွှန်ပြသပေးနေပါတယ်။

ခံယူချက်

ကျန်းမာရေးနှင့်အသက်အာမခံနယ်ပယ်တွင် တစ်ဦးချင်းစီ၏လိုအပ်ချက်ကိုအဓိကထားပြီး အဆင့်အတန်းရှိသောကူညီဝန်ဆောင်မှုများကိုပေးစွမ်းရင်း ယုံကြည်မှုနဲ့သမာဓိတို့ကိုအခြေခံ၍ ရေရှည်တည်တံ့သောဆက်ဆံရေးများကို တည်ဆောက်နိုင်ရမည်။

အနာဂတ်မျှော်မှန်းချက်

လူတိုင်း၏ ကျန်းမာရေးနှင့်မိသားစုရှေ့ရေးအတွက် အပူအပင်ကင်းစွာနေထိုင်နိုင်ရန် ကျန်းမာရေးနှင့်အသက်အာမခံနယ်ပယ်တွင် လိုအပ်သည့်ဗဟုသုတများနှင့် ကူညီဝန်ဆောင်မှုများကို လက်ဆင့်ကမ်းမျှဝေခြင်းဖြင့် လူ့အဖွဲ့အစည်းအားအကျိုးပြုနိုင်ရမည်။

တန်ဖိုးထားယုံကြည်ချက်

လူတိုင်း၏တန်ဖိုးရှိသောအနာဂတ်စီမံကိန်းများကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် တစ်ဦးချင်းစီ၏လိုအပ်ချက်နှင့် ကိုက်ညီသောအာမခံအစီအစဉ်များကို တန်းတူညီမျှလွယ်ကူစွာ လျှောက်ထားသုံးစွဲခွင့်ရထိုက်သည်ဟု ယုံကြည်ပါသည်။

၂၀၂၅ မှာ အောက်ပါပြည်နယ်များရှိမြန်မာမိတ်ဆွေများ အာမခံလျှောက်ထားဖို့အတွက် အခမဲ့ဝန်ဆောင်မှုများပေးလျက်ရှိပါတယ်။

အမေရိကန်အစိုးရမှထောက်ပံ့တဲ့ Medicaid နဲ့ Children Health Insurance Program (CHIP) ကျန်းမာရေးအာမခံအစီအစဉ်များအပြင် သင့်ရဲ့ဝင်ငွေပေါ်မူတည်ပြီး deductible (နှုတ်ယူငွေ) နဲ့ အခြားပေးဆောင်ငွေများသက်သာတဲ့ အာမခံအစီအစဥ်များကို ကုန်ကျစရိတ်များလျှော့ချနိုင်ဖို့အတွက် အခမဲ့ကူညီလျှောက်ထားပေးမှာဖြစ်ပါတယ်။

ဒါ့အပြင် မိမိနိုင်ငံမှ အမေရိကန်နိုင်ငံကိုလာရောက်ပညာသင်ယူလိုတဲ့ ကျောင်းသူကျောင်းသားများနဲ့ ခေတ္တခဏ ခရီးလာရောက်လည်ပတ်လိုသူများအတွက် လိုအပ်တဲ့ရက်တို၊ ရက်ရှည်နဲ့ နှစ်ရှည်ကျန်းမာရေးအာမခံအစီအစဉ်များကိုလည်း လွယ်ကူစွာစုံစမ်းလျှောက်ထားနိုင်ပါတယ်။

Kairox Solution ရဲ့ အာမခံဆိုင်ရာဝန်ဆောင်မှုတိုင်းက အခမဲ့ဖြစ်ပြီး စိတ်ကြိုက်မေးမြန်းစုံစမ်းနိုင်ပါတယ်။ *(၂၀၂၆ ဇန်နဝါရီကစတင်ပြီး New York အတွင်းနေထိုင်သူများအတွက် ဝန်ဆောင်ခကောက်ခံမှုရှိပါမယ်။)

  • Alabama
  • Florida
  • Iowa
  • Illinois
  • Indiana
  • Louisiana
  • Kansas
  • Ohio
  • Maine
  • Michigan
  • Kentucky
  • Missouri
  • Nebraska
  • Idaho
  • New York
  • New Jersey
  • New Mexico
  • Virginia
  • Pennsylvania
  • California
  • Massachusetts
  • maryland
  • georgia
  • connecticut
  • West Virginia
  • Minnesota
  • Oklahoma
  • South Dakota
  • New Hampshire
  • North Carolina
  • Oregon
  • South Carolina
  • Texas
  • Tennessee
  • wisconsin
  • arizona
  • Washington
  • Montana
  • Delaware
  • Mississippi
  • Utah

လက်ရှိသတင်းများနှင့် အချက်အလက်များအား ဖတ်ရှုရန်

1095A
person holding round clear container
image-1695398591