ဂရုစိုက်မှု၊ ပြတ်သားမှု၊ ယုံကြည်မှု တို့ဖြင့် သင့်ဘဝနှင့် ကိုက်ညီမှုရှိသည့် အာမခံ ဝန်ဆောင်မှုများ
Kairox Solution Agency က အမေရိကန်နိုင်ငံနယူးယောက်မြို့မှာ အခြေစိုက်တည်ရှိတဲ့ ပုဂ္ဂလိကပိုင်အာမခံကိုယ်စားလှယ်ဖြစ်ပါတယ်။ သင်နဲ့ သင့်မိသားစု (သို့မဟုတ်) စီးပွားရေးလုပ်ငန်းရှင်များနဲ့ဝန်ထမ်းများအတွက် လိုအပ်ပြီးရသင့်ရထိုက်တဲ့ ကျန်းမာရေးနဲ့အသက်အာမခံအစီအစဉ်များလျှောက်ထားရာမှာ အခမဲ့ ကူညီဝန်ဆောင်မှုပေးနိုင်ဖို့အတွက် အမေရိကန်ပြည်နယ် (၄၁) ခုတို့မှာ တရားဝင်လုပ်ဆောင်ခွင့် အသိအမှတ်ပြုမှတ်ပုံတင်လက်ခံရရှိထားပါတယ်။
Kairox Solution ဟာဆိုရင် ကျန်းမာရေးနဲ့အသက်အာမခံနယ်ပယ်မှာ နှစ်ပေါင်းများစွာအတွေ့အကြုံရှိတဲ့အပြင် ဝန်ဆောင်မှုပေးတဲ့ US ပြည်နယ်တိုင်းက အစိုးရအာမခံဌာနတွေမှာမှတ်ပုံတင်ထားပြီး လိုင်စင်ရှိအသိအမှတ်ပြုလက်မှတ်ကိုလည်း လက်ခံရရှိထားပါတယ်။
သင်ကိုယ်တိုင်အတွက်ဖြစ်စေ၊ သင့်မိသားစုအတွက်ဖြစ်စေ၊ သင့်လုပ်ငန်းနဲ့ဝန်ထမ်းများအတွက်ဖြစ်စေ အာမခံလိုအပ်ချက်အလိုက် ကုန်ကျစရိတ်နဲ့ အချိန်ကုန်သက်သာစေဖို့ Kairox Solution က တစ်ဆင့်ချင်းစီ ပံ့ပိုးကူညီပေးမှာဖြစ်ပါတယ်။
Kairox Solution က ဝန်ဆောင်မှုပေးတဲ့ US ပြည်နယ်တိုင်းမှာ အာမခံကုမ္ပဏီပေါင်းများစွာနဲ့ မိတ်ဖက်အဖြစ်လက်တွဲလုပ်ကိုင်နေတဲ့အတွက် သင်လိုအပ်တဲ့အာမခံအစီအစဉ်များကို အချိန်တိုအတွင်း အလွယ်တကူနှိုင်းယှဥ်လျှောက်ထားဖို့ ကူညီပေးနိုင်ပါတယ်။ သင့်အနေနဲ့ ပြည်နယ်တစ်ခုကနေတစ်ခု အာမခံပြောင်းလျှောက်ဖို့လည်း လွယ်ကူစေပါတယ်။
သင်အဆင်ပြေတဲ့အချိန်မှာ ဖုန်း (သို့) အွန်လိုင်းကတစ်ဆင့် အချိန်ခဏလေးအတွင်း လွယ်ကူစွာလျှောက်ထားနိုင်မှာဖြစ်ပါတယ်။
လုပ်ငန်းစဉ်တစ်ခုလုံးမှာ KAIROX ရဲ့ ကူညီပေးမှုနဲ့ ပရော်ဖက်ရှင်နယ်ဆန်မှုတွေက တကယ့်ကို အံ့မခန်းပါပဲ။ ကျွန်တော့်အတွက် ရွေးချယ်စရာတွေအားလုံးကို သေသေချာချာ အချိန်ပေး ရှင်းပြပြီး လိုအပ်ချက်နဲ့အကိုက်ညီဆုံး အာမခံအကာအကွယ်ကို ရှာဖွေပေးခဲ့ပါတယ်။ ယုံကြည်စိတ်ချရတဲ့ အာမခံကိုယ်စားလှယ် ရှာနေသူတိုင်းအတွက် သူတို့ကို အထူးပဲ ညွှန်းဆိုချင်ပါတယ်။ အချိန်ကုန်သက်သာ၊ ငွေကုန်သက်သာပြီး အကောင်းဆုံး အာမခံအကာအကွယ်တွေ ရရှိနိုင်ပါတယ်...
Medicaid သည် ပြည်ထောင်စုနှင့်ပြည်နယ်အစိုးရမှ အတူတကွ သတ်မှတ်ထားသည့်ဝင်ငွေနှင့်ကိုက်ညီသော သူများ သို့မဟုတ် ဝင်ငွေနည်းပါး သူများအတွက် တဦးချင်းလိုက်ဖြစ်စေ , မိသားစုလိုက်ဖြစ်စေ၊ အသက်အရွယ်မရွေး အခမဲ့ထောက်ပံ့ပေးသော အစိုးရကျန်းမာရေးအာမခံအစီအစဉ် ဖြစ်ပါသည်။
Medicare သည် အသက် ၆၅ နှစ်နှင့် ၆၅ နှစ်အထက်ရှိသူများအတွက် ပြည်ထောင်စု အစိုးရမှထောက်ပံ့ပေးသော ကျန်းမာရေးအာမခံအစီအစဉ် ဖြစ်ပါသည်။ Medicare အား မိမိနေထိုင်ရာပြည်နယ်ရှိနီးစပ်ရာ Social Security Administration ရုံးမှတဆင့်လျှောက်ထားနိုင်ပါသည်။
Marketplace သည် အမေရိကန်ပြည်ထောင်စုတွင်နေထိုင်သည့် မည်သူမဆို ကျန်းမာရေးအာမခံအစီအစဉ်များကို လျှောက်ထားနိုင်ရန် သို့မဟုတ် ဝယ်ယူနိုင်သည့် နေရာဖြစ်ပြီး ပြည်ထောင်စုနှင့်ပြည်နယ်အစိုးရမှတဆင့်ကျန်းမာရေးအာမခံ ကုန်ကျစရိတ်များကိုသက်သက်သာသာဝယ်ယူနိုင်ရန် အထောက်အပံ့များကိုလည်း လျှောက်ထားနိုင်သည့်နေရာဖြစ်ပါသည်။
နှစ်စဉ် ကျန်းမာရေးအာမခံ လျှောက်ထားနိုင်သည့် အချိန်ကာလသည် တနှစ်မှာတကြိမ်ဖြစ်ပြီး ပြည်နယ်အများစုတွင်ပုံမှန် နိုဝင်ဘာ ၁ ရက်ကနေ ဒီဇင်ဘာ ၁၅ ရက်နေ့အထိဖြစ်ပါသည်။ ထိုအချိန်ကာလအတွင်းတွင် သင်သည် ကျန်းမာရေးအာမခံလျှောက်ထားခြင်း၊ လက်ရှိအာမခံအစီအစဉ်အားပြောင်းခြင်း (သို့) ပယ်ဖျက်ခြင်းစသဖြင့် လုပ်ဆောင်နိုင်ပါသည်။ အချို့ပြည်နယ်များတွင် ကျန်းမာရေးအာမခံ လျှောက်ထားနိုင်သည့် အချိန်ကာလသည်ကွဲပြားနိုင်ပါသည်။
အကယ်၍ သင်သည်လက်ရှိ Medicaid ရရှိထားပါက လာမည့် နှစ်တွင် ဆက်လက် ရရှိနိုင်ခွင့်ရှိမရှိနှင့် သင့်၏ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်၊ ဝင်ငွေ (သို့) လူဝင်မှုကြီးကြပ်ရေးဆိုင်ရာအခြေအနေများ စသဖြင့် ကို နှစ်စဉ် အကြောင်းကြား ပြန်လည်လျှောက်ထားရခြင်းဖြစ်ပါသည်။
ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများအားလုံးသည် အခမဲ့ဖြစ်ပါသည်။