ကောင်းမွန် သက်သာသော ကျန်းမာရေးအာမခံ
ဝန်ဆောင်မှုများ

သင်လိုအပ်သော ကျန်းမာရေးအာမခံအစီအစဉ် အားလျှောက်ထားနိုင်ရန် ကျွန်ုပ်တို့မှ ကူညီရှာဖွေပေးပါမည်။

ACA/ Marketplace အစီအစဉ်

Medicaid နှင့် CHIP အစီအစဉ်များ

သင့်အတွက်လိုအပ်သည့် ကျန်းမာရေးအာမခံကိုရရှိစေနိုင်ရန် ဒီနေ့ပဲလျှောက်ထားလိုက်ပါ။

အဆင့်မြင့် ကောင်းမွန်သောအာမခံ ကုမ္ပဏီများမှ ကျန်းမာရေးအာမခံအစီအစဉ်များကို ကျွန်ုပ်တို့မှတဆင့်အချိန်ကုန်သက်သာစွာ တစ်နေရာထဲမှ ရွေးချယ် လျှောက်ထားနိုင်ပါသည်။ ကျန်းမာရေးအာမခံကုန်ကျစရိတ်များ အားသက်သာစေနိုင်ရန် ကျွန်ုပ်တို့အားမေးမြန်းလျှောက်ထားပါ။

Medicaid နှင့် CHIP အစီအစဉ်များ

Medicaid & CHIP အစီအစဉ်များသည် အခမဲ့ သို့မဟုတ် ကုန်ကျစရိတ်နည်းပြီး ဝင်ငွေနည်းပါးသူများ နှင့် မိသားစုဝင်များ, ကိုယ်ဝန်ဆောင်သည်များ, သက်ကြီးရွယ်အိုများ နှင့် မသန်းစွမ်းသူများ အတွက် ကျန်းမာရေးအာမခံအစီအစဉ်များဖြစ်ပါသည်။ မိမိနေထိုင်သောပြည်နယ်ပေါ်မူတည်၍ အသက် ၆၅နှစ်အောက်ရှိ သတ်မှတ်ထားသောဝင်ငွေနှင့်ကိုက်ညီသူများ လျှောက်ထားခွင့်ရနိုင်ပါသည်။

ACA/Marketplace Plan

မိမိပြည်နယ်မှ Medicaid မရနိုင်သောသူများသည် American Resuce Plan Act of 2021 ၏ စည်းမျဉ်းအသစ်များအရ ဝင်ငွေပေါ်မူတည်၍ လစဉ် ကျန်းမာရေးအာမခံကုန်ကျစရိတ်များကိုသက်သာစေ နိုင်ရန်အတွက် Advanced Premium Tax Credit (APTC) များကိုလျှောက်ထားနိုင်မည်ဖြစ်ပါသည်။ အကယ်၍ သင့်၏ ဝင်ငွေသည် ပြည်ထောင်စုအစိုးရမှသတ်မှတ်ထားသော Federal Poveral Level , ၁၀၀ ရာခိုင်နှုန်း မှ ၄၀၀ ရာခိုင်နှုန်းကြားရှိပါက ကျန်းမာရေး အာမခံကြေးများအတွက် အထောက်အပံ့များရယူနိုင်မည်ဖြစ်ပါသည်။

သင့်ကျန်းမာရေး အတွက် အာမခံ လိုအပ်ပါသလား ?

Frequently Asked Questions

Medicaid is a public government health insurance program for low-income families and
individuals regardless of their age.

Medicare is a public government health insurance program for 65 years and older.

Marketplace is where everyone can shop for health insurance in the United States & apply for assistance that could lower the cost of your health coverage.

An open enrollment period is a window of time that happens once a year typically from November 1 to Dec 15 in most states when you can sign up for health insurance, change your current plan or cancel your plan. Some states can have longer open enrollment periods.

If you are currently eligible for Medicaid, Medicaid will ask you to provide any change such as your address, phone number, income or other information yearly to redetermine the eligibility for the upcoming year.

There is absolutely no service fee and all services are free of charge.

မကြာခဏ မေးလေ့ရှိသည့် မေးခွန်းများ

ကျန်းမာရေးအာမခံဆိုတာ ဆေးကုသမှုကုန်ကျစရိတ်များကို ကူညီပေးသော အာမခံစနစ်တစ်ခု ဖြစ်ပါတယ်။ သင်က အာမခံကုမ္ပဏီကို လစဉ်ကြေး (Premium) ပေးထားပြီး နာမကျန်းဖြစ်လို့ ဆေးရုံ၊ ဆေးခန်း သွားရတဲ့အခါ ကုန်ကျစရိတ်၏ တစ်စိတ်တစ်ပိုင်းကို အာမခံကုမ္ပဏီက ပေးချေပါတယ်။
Premium: အာမခံကို ဆက်လက်ထားရှိဖို့ လစဉ်ပေးရတဲ့ကြေး။ ဥပမာ - တစ်လ $300 Deductible: အာမခံက မကူညီခင် သင်ကိုယ်တိုင် အရင်ပေးရမယ့် ပမာဏ။ ဥပမာ - Deductible $1,000 ဆိုရင် အာမခံက မစတင်ခင် သင် $1,000 အရင်ပေးရမယ်။ Copay: ဆရာဝန်တွေ့တိုင်း သို့မဟုတ် ဆေးဝယ်တိုင်း ပုံသေ ပေးရတဲ့ငွေ။ ဥပမာ - ဆရာဝန်တွေ့တိုင်း $25 Coinsurance: Deductible ပြည့်ပြီးနောက် ကုန်ကျစရိတ်ကို ရာခိုင်နှုန်းအလိုက် မျှဝေပေးရခြင်း။ ဥပမာ - သင် 20% ပေးပြီး အာမခံက 80% ပေးမယ်။
တစ်နှစ်အတွင်း သင်ကိုယ်တိုင် အများဆုံးပေးရမယ့် ငွေပမာဏကို ဆိုလိုပါတယ်။ Deductible, Copay, Coinsurance တွေ ပေါင်းပြီး သတ်မှတ်ထားတဲ့ ပမာဏကို ရောက်သွားရင် အဲဒီနှစ်ကျန်တဲ့အချိန်မှာ အာမခံက Covered Services တွေအတွက် 100% ပေးချေလေ့ရှိပါတယ်။ မှတ်ချက်: Premium ကို Out-of-Pocket Maximum ထဲ မထည့်ပါ။
Plan အလိုက် မတူပေမယ့် အများအားဖြင့် အောက်ပါဝန်ဆောင်မှုများ ပါဝင်တတ်ပါတယ်။ - ဆရာဝန်တွေ့ခြင်း - ဆေးရုံတက်ခြင်း - အရေးပေါ်ကုသမှု - ဓာတ်ခွဲစစ်ဆေးမှု - စိတ်ကျန်းမာရေးကုသမှု - ကိုယ်ဝန်ဆောင်နှင့် မွေးဖွားမှုဆိုင်ရာ ဝန်ဆောင်မှု - ဆေးဝါးများ - ကြိုတင်ကာကွယ်ရေးစစ်ဆေးမှုများ
In-Network: အာမခံကုမ္ပဏီနဲ့ စာချုပ်ရှိတဲ့ ဆရာဝန်၊ ဆေးရုံ၊ ဆေးခန်းများ။ သင်ပေးရတဲ့ငွေ ပိုနည်းတတ်ပါတယ်။ Out-of-Network: အာမခံနဲ့ စာချုပ်မရှိတဲ့ Provider များ။ သင်ပေးရတဲ့ကုန်ကျစရိတ် ပိုများနိုင်ပါတယ်။ အချို့ Plan များမှာ လုံးဝ Cover မပေးနိုင်ပါ။
Referral: Primary Care Doctor (မိသားစုဆရာဝန်) က Specialist ဆီသွားဖို့ ခွင့်ပြုချက်ပေးခြင်း။ Prior Authorization: ကုသမှု၊ စစ်ဆေးမှု သို့မဟုတ် ဆေးဝါးအချို့ကို မသုံးခင် အာမခံကုမ္ပဏီရဲ့ ကြိုတင်အတည်ပြုချက် လိုအပ်ခြင်း။ Plan အမျိုးအစားပေါ် မူတည်ပြီး လိုအပ်မှု ကွာခြားပါတယ်။
Health Insurance အများစုမှာ ဆေးဝါးများကို Cover ပေးပါတယ်။ Formulary ဆိုတာ အာမခံက Cover ပေးတဲ့ ဆေးစာရင်း ဖြစ်ပါတယ်။ - Tier 1: Generic Drugs (စျေးအသက်သာဆုံး) - Tier 2: Preferred Brand Drugs - Tier 3: Non-Preferred Brand Drugs - Tier 4: Specialty Drugs (စျေးအကြီးဆုံး) Tier မြင့်လေလေ သင်ပေးရတဲ့ငွေ ပိုများလေလေ ဖြစ်ပါတယ်။
အများအားဖြင့် In-Network Provider တွေဆီမှာ ပြုလုပ်ရင် အပိုကုန်ကျစရိတ်မရှိဘဲ Cover ပေးတတ်ပါတယ်။ ဥပမာ - - နှစ်စဉ် ကျန်းမာရေးစစ်ဆေးခြင်း - ကာကွယ်ဆေးထိုးခြင်း - သွေးပေါင်ချိန်စစ်ဆေးခြင်း - Cholesterol စစ်ဆေးခြင်း - Cancer Screening အချို့
EOB ဆိုတာ အာမခံကုမ္ပဏီက ပို့တဲ့ ရှင်းလင်းချက်စာရွက် ဖြစ်ပါတယ်။ အဲဒီထဲမှာ - ဘာကုသမှုလုပ်ခဲ့လဲ - ဘယ်လောက်ကျသလဲ - အာမခံက ဘယ်လောက်ပေးသလဲ - သင် ဘယ်လောက်ပေးရနိုင်သလဲ ဆိုတာတွေ ဖော်ပြထားပါတယ်။ EOB သည် Bill (ငွေတောင်းခံလွှာ) မဟုတ်ပါ။ တကယ်ငွေပေးရမယ်ဆိုရင် ဆေးရုံ သို့မဟုတ် ဆေးခန်းက သီးခြား Bill ပို့ပါလိမ့်မယ်။
Open Enrollment Period: နှစ်စဉ် သတ်မှတ်ထားသော အချိန်အတွင်း Plan အသစ်ဝင်ခြင်း သို့မဟုတ် Plan ပြောင်းခြင်း ပြုလုပ်နိုင်ပါတယ်။ Special Enrollment Period (SEP): အောက်ပါ အခြေအနေများ ဖြစ်ပေါ်လာရင် Open Enrollment မဟုတ်တဲ့အချိန်မှာလည်း Plan ပြောင်းနိုင်ပါတယ်။ - အိမ်ထောင်ပြုခြင်း - ကွာရှင်းခြင်း - ကလေးမွေးခြင်း - ကလေးမွေးစားခြင်း - အလုပ်ပြောင်းပြီး အာမခံဆုံးရှုံးခြင်း - နေရာပြောင်းရွှေ့ခြင်း