ကောင်းမွန် သက်သာသော ကျန်းမာရေးအာမခံ
ဝန်ဆောင်မှုများ

သင်လိုအပ်သော ကျန်းမာရေးအာမခံအစီအစဉ် အားလျှောက်ထားနိုင်ရန် ကျွန်ုပ်တို့မှ ကူညီရှာဖွေပေးပါမည်။

ACA/ Marketplace အစီအစဉ်

Medicaid နှင့် CHIP အစီအစဉ်များ

သင့်အတွက်လိုအပ်သည့် ကျန်းမာရေးအာမခံကိုရရှိစေနိုင်ရန် ဒီနေ့ပဲလျှောက်ထားလိုက်ပါ။

အဆင့်မြင့် ကောင်းမွန်သောအာမခံ ကုမ္ပဏီများမှ ကျန်းမာရေးအာမခံအစီအစဉ်များကို ကျွန်ုပ်တို့မှတဆင့်အချိန်ကုန်သက်သာစွာ တစ်နေရာထဲမှ ရွေးချယ် လျှောက်ထားနိုင်ပါသည်။ ကျန်းမာရေးအာမခံကုန်ကျစရိတ်များ အားသက်သာစေနိုင်ရန် ကျွန်ုပ်တို့အားမေးမြန်းလျှောက်ထားပါ။

Medicaid နှင့် CHIP အစီအစဉ်များ

Medicaid & CHIP အစီအစဉ်များသည် အခမဲ့ သို့မဟုတ် ကုန်ကျစရိတ်နည်းပြီး ဝင်ငွေနည်းပါးသူများ နှင့် မိသားစုဝင်များ, ကိုယ်ဝန်ဆောင်သည်များ, သက်ကြီးရွယ်အိုများ နှင့် မသန်းစွမ်းသူများ အတွက် ကျန်းမာရေးအာမခံအစီအစဉ်များဖြစ်ပါသည်။ မိမိနေထိုင်သောပြည်နယ်ပေါ်မူတည်၍ အသက် ၆၅နှစ်အောက်ရှိ သတ်မှတ်ထားသောဝင်ငွေနှင့်ကိုက်ညီသူများ လျှောက်ထားခွင့်ရနိုင်ပါသည်။

ACA/Marketplace Plan

မိမိပြည်နယ်မှ Medicaid မရနိုင်သောသူများသည် American Resuce Plan Act of 2021 ၏ စည်းမျဉ်းအသစ်များအရ ဝင်ငွေပေါ်မူတည်၍ လစဉ် ကျန်းမာရေးအာမခံကုန်ကျစရိတ်များကိုသက်သာစေ နိုင်ရန်အတွက် Advanced Premium Tax Credit (APTC) များကိုလျှောက်ထားနိုင်မည်ဖြစ်ပါသည်။ အကယ်၍ သင့်၏ ဝင်ငွေသည် ပြည်ထောင်စုအစိုးရမှသတ်မှတ်ထားသော Federal Poveral Level , ၁၀၀ ရာခိုင်နှုန်း မှ ၄၀၀ ရာခိုင်နှုန်းကြားရှိပါက ကျန်းမာရေး အာမခံကြေးများအတွက် အထောက်အပံ့များရယူနိုင်မည်ဖြစ်ပါသည်။

သင့်ကျန်းမာရေး အတွက် အာမခံ လိုအပ်ပါသလား ?

မကြာခဏ မေးလေ့ရှိသည့် မေးခွန်းများ

ကျန်းမာရေးအာမခံဆိုတာ ဆေးကုသမှုကုန်ကျစရိတ်များကို ကူညီပေးသော အာမခံစနစ်တစ်ခု ဖြစ်ပါတယ်။ သင်က အာမခံကုမ္ပဏီကို လစဉ်ကြေး (Premium) ပေးထားပြီး နာမကျန်းဖြစ်လို့ ဆေးရုံ၊ ဆေးခန်း သွားရတဲ့အခါ ကုန်ကျစရိတ်၏ တစ်စိတ်တစ်ပိုင်းကို အာမခံကုမ္ပဏီက ပေးချေပါတယ်။
Premium: အာမခံကို ဆက်လက်ထားရှိဖို့ လစဉ်ပေးရတဲ့ကြေး။ ဥပမာ - တစ်လ $300 Deductible: အာမခံက မကူညီခင် သင်ကိုယ်တိုင် အရင်ပေးရမယ့် ပမာဏ။ ဥပမာ - Deductible $1,000 ဆိုရင် အာမခံက မစတင်ခင် သင် $1,000 အရင်ပေးရမယ်။ Copay: ဆရာဝန်တွေ့တိုင်း သို့မဟုတ် ဆေးဝယ်တိုင်း ပုံသေ ပေးရတဲ့ငွေ။ ဥပမာ - ဆရာဝန်တွေ့တိုင်း $25 Coinsurance: Deductible ပြည့်ပြီးနောက် ကုန်ကျစရိတ်ကို ရာခိုင်နှုန်းအလိုက် မျှဝေပေးရခြင်း။ ဥပမာ - သင် 20% ပေးပြီး အာမခံက 80% ပေးမယ်။
တစ်နှစ်အတွင်း သင်ကိုယ်တိုင် အများဆုံးပေးရမယ့် ငွေပမာဏကို ဆိုလိုပါတယ်။ Deductible, Copay, Coinsurance တွေ ပေါင်းပြီး သတ်မှတ်ထားတဲ့ ပမာဏကို ရောက်သွားရင် အဲဒီနှစ်ကျန်တဲ့အချိန်မှာ အာမခံက Covered Services တွေအတွက် 100% ပေးချေလေ့ရှိပါတယ်။ မှတ်ချက်: Premium ကို Out-of-Pocket Maximum ထဲ မထည့်ပါ။
Plan အလိုက် မတူပေမယ့် အများအားဖြင့် အောက်ပါဝန်ဆောင်မှုများ ပါဝင်တတ်ပါတယ်။ - ဆရာဝန်တွေ့ခြင်း - ဆေးရုံတက်ခြင်း - အရေးပေါ်ကုသမှု - ဓာတ်ခွဲစစ်ဆေးမှု - စိတ်ကျန်းမာရေးကုသမှု - ကိုယ်ဝန်ဆောင်နှင့် မွေးဖွားမှုဆိုင်ရာ ဝန်ဆောင်မှု - ဆေးဝါးများ - ကြိုတင်ကာကွယ်ရေးစစ်ဆေးမှုများ
In-Network: အာမခံကုမ္ပဏီနဲ့ စာချုပ်ရှိတဲ့ ဆရာဝန်၊ ဆေးရုံ၊ ဆေးခန်းများ။ သင်ပေးရတဲ့ငွေ ပိုနည်းတတ်ပါတယ်။ Out-of-Network: အာမခံနဲ့ စာချုပ်မရှိတဲ့ Provider များ။ သင်ပေးရတဲ့ကုန်ကျစရိတ် ပိုများနိုင်ပါတယ်။ အချို့ Plan များမှာ လုံးဝ Cover မပေးနိုင်ပါ။
Referral: Primary Care Doctor (မိသားစုဆရာဝန်) က Specialist ဆီသွားဖို့ ခွင့်ပြုချက်ပေးခြင်း။ Prior Authorization: ကုသမှု၊ စစ်ဆေးမှု သို့မဟုတ် ဆေးဝါးအချို့ကို မသုံးခင် အာမခံကုမ္ပဏီရဲ့ ကြိုတင်အတည်ပြုချက် လိုအပ်ခြင်း။ Plan အမျိုးအစားပေါ် မူတည်ပြီး လိုအပ်မှု ကွာခြားပါတယ်။
Health Insurance အများစုမှာ ဆေးဝါးများကို Cover ပေးပါတယ်။ Formulary ဆိုတာ အာမခံက Cover ပေးတဲ့ ဆေးစာရင်း ဖြစ်ပါတယ်။ - Tier 1: Generic Drugs (စျေးအသက်သာဆုံး) - Tier 2: Preferred Brand Drugs - Tier 3: Non-Preferred Brand Drugs - Tier 4: Specialty Drugs (စျေးအကြီးဆုံး) Tier မြင့်လေလေ သင်ပေးရတဲ့ငွေ ပိုများလေလေ ဖြစ်ပါတယ်။
အများအားဖြင့် In-Network Provider တွေဆီမှာ ပြုလုပ်ရင် အပိုကုန်ကျစရိတ်မရှိဘဲ Cover ပေးတတ်ပါတယ်။ ဥပမာ - - နှစ်စဉ် ကျန်းမာရေးစစ်ဆေးခြင်း - ကာကွယ်ဆေးထိုးခြင်း - သွေးပေါင်ချိန်စစ်ဆေးခြင်း - Cholesterol စစ်ဆေးခြင်း - Cancer Screening အချို့
EOB ဆိုတာ အာမခံကုမ္ပဏီက ပို့တဲ့ ရှင်းလင်းချက်စာရွက် ဖြစ်ပါတယ်။ အဲဒီထဲမှာ - ဘာကုသမှုလုပ်ခဲ့လဲ - ဘယ်လောက်ကျသလဲ - အာမခံက ဘယ်လောက်ပေးသလဲ - သင် ဘယ်လောက်ပေးရနိုင်သလဲ ဆိုတာတွေ ဖော်ပြထားပါတယ်။ EOB သည် Bill (ငွေတောင်းခံလွှာ) မဟုတ်ပါ။ တကယ်ငွေပေးရမယ်ဆိုရင် ဆေးရုံ သို့မဟုတ် ဆေးခန်းက သီးခြား Bill ပို့ပါလိမ့်မယ်။
Open Enrollment Period: နှစ်စဉ် သတ်မှတ်ထားသော အချိန်အတွင်း Plan အသစ်ဝင်ခြင်း သို့မဟုတ် Plan ပြောင်းခြင်း ပြုလုပ်နိုင်ပါတယ်။ Special Enrollment Period (SEP): အောက်ပါ အခြေအနေများ ဖြစ်ပေါ်လာရင် Open Enrollment မဟုတ်တဲ့အချိန်မှာလည်း Plan ပြောင်းနိုင်ပါတယ်။ - အိမ်ထောင်ပြုခြင်း - ကွာရှင်းခြင်း - ကလေးမွေးခြင်း - ကလေးမွေးစားခြင်း - အလုပ်ပြောင်းပြီး အာမခံဆုံးရှုံးခြင်း - နေရာပြောင်းရွှေ့ခြင်း