ကြိုတင်ကာကွယ်ထားဖို့

အသင့်တော်ဆုံးအချိန်က...ယခုပါ

ကျွန်ုပ်တို့၏ဝန်ဆောင်မှုများ

လူပုဂ္ဂိုလ်များနှင့် မိသားစုများ

ကျန်းမာရေးအာမခံစရိတ် လျှော့ချပေးနိုင်မည့် အကူအညီများကို ရှာဖွေပြီး လျှောက်ထားပါ။ အမေရိကန်ကျန်းမာရေးစောင့်ရှောက်မှုအက်ဥပဒေ (ObamaCare) အရ အရည်အချင်းပြည့်မီသော ကျန်းမာရေးအစီအစဉ်များ (Marketplace) မှတစ်ဆင့် Medicaid သို့မဟုတ် Child Health Plus ကျန်းမာရေးစောင့်ရှောက်မှု အာမခံများကိုလည်း သင် ရရှိခံစားနိုင်ခွင့် ရှိနိုင်ပါသည်။

၆၅ နှစ်နှင့် အထက်

Medicare Advantage အစီအစဉ်များကို အသက် ၆၅ နှစ်နှင့်အထက်ရှိပြီး Part A နှင့် Part B ရရှိထားသူများ သို့မဟုတ် ပြည်နယ် Medicaid အစီအစဉ်အတွက် အကျုံးဝင်သူများ လျှောက်ထားနိုင်ပါသည်။

လုပ်ငန်းငယ်များ

လုပ်ငန်းရှင်များအနေဖြင့် ၎င်းတို့၏ ဝန်ထမ်းများအတွက် အရည်အသွေးမြင့်ပြီး သင့်တင့်မျှတသော ကျန်းမာရေးအာမခံများကို အသိအမှတ်ပြုထားသည့် အာမခံကုမ္ပဏီများထံမှ တိုက်ရိုက်ဝယ်ယူကာ ပံ့ပိုးပေးနိုင်ရန် ကျွန်ုပ်တို့ ကူညီပေးနိုင်ပါသည်။ ထို့အပြင် ကုန်ကျစရိတ်များကို သက်သာစေမည့် အခွန်သက်သာခွင့်များ (Tax credits) ကိုလည်း အသေးစားလုပ်ငန်းများအတွက် အာမခံဈေးကွက် (SHOP) မှတစ်ဆင့် ရရှိခံစားနိုင်ခွင့် ရှိနိုင်ပါသည်။

ကျောင်းသူကျောင်းသား ကျန်းမာရေး

နိုင်ငံတကာကျောင်းသားများအနေဖြင့် ကောလိပ်၊ တက္ကသိုလ် သို့မဟုတ် အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများမှ သတ်မှတ်ထားသော ကျောင်းသားကျန်းမာရေးအာမခံအစီအစဉ် (Student Health Plans) များကို လျှောက်ထားဝယ်ယူနိုင်ပါသည်။ အမေရိကန်ပြည်ထောင်စုတွင် ပညာသင်ကြားနေသည့် F1 ဗီဇာကိုင်ဆောင်ထားသော ကျောင်းသားများအတွက် အာမခံ အကာအကွယ်ရရှိနိုင်ပြီး၊ J1 ဗီဇာ၏ သတ်မှတ်ချက်များကိုလည်း ကိုက်ညီမှုရှိပါသည်။

ကျောင်းသူကျောင်းသား ကျန်းမာရေး

နိုင်ငံတကာကျောင်းသားများအနေဖြင့် ကောလိပ်၊ တက္ကသိုလ် သို့မဟုတ် အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများမှ သတ်မှတ်ထားသော ကျောင်းသားကျန်းမာရေးအာမခံအစီအစဉ် (Student Health Plans) များကို လျှောက်ထားဝယ်ယူနိုင်ပါသည်။ အမေရိကန်ပြည်ထောင်စုတွင် ပညာသင်ကြားနေသည့် F1 ဗီဇာကိုင်ဆောင်ထားသော ကျောင်းသားများအတွက် အာမခံ အကာအကွယ်ရရှိနိုင်ပြီး၊ J1 ဗီဇာ၏ သတ်မှတ်ချက်များကိုလည်း ကိုက်ညီမှုရှိပါသည်။

မျက်စိ နှင့် သွားဖက်ဆိုင်ရာ

သင့်လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိမှာ သေချာသည့် သင့်တင့်မျှတသော လစဉ်ပရီမီယံကြေးများ၊ သက်သာသော ကိုယ်တိုင်ပေးချေမှု (Copays) များအပြင် PPO ကွန်ရက်ပါဝင်သည့် သွားနှင့် မျက်စိ အာမခံခံစားခွင့်များကို သီးသန့် (သို့မဟုတ်) ပူးတွဲလျှောက်ထားလိုက်ပါ။ ပုံမှန်သွားစစ်ဆေးခြင်း၊ သွားသန့်စင်ခြင်း (Cleaning) နှင့် မျက်စိကြိုတင်ကာကွယ်ရေး စစ်ဆေးမှုများအတွက် စောင့်ဆိုင်းရမည့်ကာလ (Waiting periods) လုံးဝမလိုဘဲ အာမခံစတင်သည့် ပထမဦးဆုံးနေ့မှစ၍ ခံစားခွင့်များကို အသုံးပြုနိုင်ပါသည်။

ခရီးသွား နှင့် အပြည်ပြည်ဆိုင်ရာ

ခရီးသွားများ၊ ပြည်ပနေထိုင်သူများနှင့် အလည်အပတ်လာသူများအတွက် ကမ္ဘာအနှံ့ စိတ်အေးချမ်းမှု ရရှိစေနိုင်ပါသည်။ ခရီးသွားဆေးဝါးအာမခံ (Travel Medical) သည် မိခင်နိုင်ငံပြင်ပ ခရီးသွားစဉ် ဖျားနာ၊ ဒဏ်ရာရပါက အကာအကွယ်ပေးပါသည်။ နိုင်ငံတကာကျန်းမာရေးအာမခံ (International Health Insurance) သည် ပြည်ပနေ တစ်ဦးချင်းနှင့် မိသားစုများအတွက် ဆေးဝါးကုသမှု ကာကွယ်ပေးပြီး၊ ရောဂါကြိုတင်ကာကွယ်ခြင်း၊ ပုံမှန်စစ်ဆေးခြင်းနှင့် ဖျားနာ/ဒဏ်ရာ ကုသမှု ခံစားခွင့်များ ပါဝင်ပါသည်။

ခေတ္တ ယာယီ အသက်အာမခံ

မိမိရွေးခြယ်လျှောက်ထားသော သတ်မှတ်ထားသည့် အချိန်ကာလအတွင်း အသက်အာမခံထားသူ ကွယ်လွန်ချိန်မှာ အကျိုးခံစားခွင့်ရှိသည့် အသက်အာမခံအမျိုးအစားဖြစ်ပါသည်။

တဘဝစာ ရေရှည် အသက်အာမခံ

အသက်အာမခံထားသူ ကွယ်လွန်ချိန်မှာ အကျိုးခံစားခွင့်ရှိသလို, အသက်ရှိစဉ်တွင်လည်း ငွေကိုရင်းနှီးမြှုပ်နှံနိုင်ပြီး အတိုး ရရှိနိုင်သည့် အသက်အာမခံအမျိုးအစားဖြစ်ပါသည်။

Kairox Solution အကြောင်း

လူတိုင်းဟာ သူတို့ရဲ့ တန်ဖိုးအရှိဆုံး အနာဂတ်ကို ကာကွယ်ဖို့နဲ့ ကြိုတင်ပြင်ဆင်ဖို့အတွက် အာမခံကို တန်းတူညီမျှပြီး လွယ်လွယ်ကူကူ လက်လှမ်းမီ အသုံးပြုနိုင်ရမယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။

Kairox Solution Agency က အမေရိကန်နိုင်ငံနယူးယောက်မြို့မှာ အခြေစိုက်တည်ရှိတဲ့ ပုဂ္ဂလိကပိုင်အာမခံကိုယ်စားလှယ်ဖြစ်ပါတယ်။ သင်နဲ့ သင့်မိသားစု (သို့မဟုတ်) စီးပွားရေးလုပ်ငန်းရှင်များနဲ့ဝန်ထမ်းများအတွက် လိုအပ်ပြီးရသင့်ရထိုက်တဲ့ ကျန်းမာရေးနဲ့အသက်အာမခံအစီအစဉ်များလျှောက်ထားရာမှာ အခမဲ့ ကူညီဝန်ဆောင်မှုပေးနိုင်ဖို့အတွက် အမေရိကန်ပြည်နယ် (၄၁) ခုတို့မှာ တရားဝင်လုပ်ဆောင်ခွင့် အသိအမှတ်ပြုမှတ်ပုံတင်လက်ခံရရှိထားပါတယ်။

သင့်ရဲ့အာမခံ လိုအပ်ချက်တွေအတွက် Kairox ကို ဘာကြောင့်ရွေးချယ်သင့်လဲဆိုရင်...

အာမခံနယ်ပယ်မှာ နှစ်ပေါင်းများစွာ ကျွမ်းကျင်တဲ့အတွေ့အကြုံရှိခြင်း

Kairox Solution ဟာဆိုရင် ကျန်းမာရေးနဲ့အသက်အာမခံနယ်ပယ်မှာ နှစ်ပေါင်းများစွာအတွေ့အကြုံရှိတဲ့အပြင် ဝန်ဆောင်မှုပေးတဲ့ US ပြည်နယ်တိုင်းက အစိုးရအာမခံဌာနတွေမှာမှတ်ပုံတင်ထားပြီး လိုင်စင်ရှိအသိအမှတ်ပြုလက်မှတ်ကိုလည်း လက်ခံရရှိထားပါတယ်။

တစ်ဦးချင်းစီရဲ့လိုအပ်ချက်များအပေါ် အာရုံစိုက်ပြီး အသေးစိတ်ဝန်ဆောင်မှုပေးနိုင်ခြင်း

သင်ကိုယ်တိုင်အတွက်ဖြစ်စေ၊ သင့်မိသားစုအတွက်ဖြစ်စေ၊​ သင့်လုပ်ငန်းနဲ့ဝန်ထမ်းများအတွက်ဖြစ်စေ အာမခံလိုအပ်ချက်အလိုက် ကုန်ကျစရိတ်နဲ့ အချိန်ကုန်သက်သာစေဖို့ Kairox Solution က တစ်ဆင့်ချင်းစီ ပံ့ပိုးကူညီပေးမှာဖြစ်ပါတယ်။

အာမခံကုမ္ပဏီများစွာနဲ့မိတ်ဖက်ဖြစ်တဲ့အတွက် ကိုယ်နဲ့သင့်တော်မယ့် အာမခံအစီအစဉ်များကို တစ်ချိန်ထဲမှာနှိုင်းယှဉ်ရွေးချယ်နိုင်ခြင်း

Kairox Solution က ဝန်ဆောင်မှုပေးတဲ့ US ပြည်နယ်တိုင်းမှာ အာမခံကုမ္ပဏီပေါင်းများစွာနဲ့ မိတ်ဖက်အဖြစ်လက်တွဲလုပ်ကိုင်နေတဲ့အတွက် သင်လိုအပ်တဲ့အာမခံအစီအစဉ်များကို အချိန်တိုအတွင်း အလွယ်တကူနှိုင်းယှဥ်လျှောက်ထားဖို့ ကူညီပေးနိုင်ပါတယ်။ သင့်အနေနဲ့ ပြည်နယ်တစ်ခုကနေတစ်ခု အာမခံပြောင်းလျှောက်ဖို့လည်း လွယ်ကူစေပါတယ်။

ရိုးရှင်းလွယ်ကူစွာ လျှောက်ထားနိုင်ခြင်း

သင်အဆင်ပြေတဲ့အချိန်မှာ ဖုန်း (သို့) အွန်လိုင်းကတစ်ဆင့် အချိန်ခဏလေးအတွင်း လွယ်ကူစွာလျှောက်ထားနိုင်မှာဖြစ်ပါတယ်။

မကေနဲ့ လက်တွဲလာတာ ဒီနှစ်နဲ့ဆို ၃ နှစ်ပြည့်ပါပြီ ... health insurance နဲ့ပက်သက်ပြီး သိချင်တာတွေ အသေးစိတ်ကအစ စိတ်ရှည်လက်ရှည် နဲ့ မညိုမငြင်ပဲ ရှင်းပြပေးပြီး အမြဲကူညီပေးတတ်တဲ့အမပါ 😍😍😍

KAIROX was incredibly helpful and professional throughout the entire process. They took the time to explain all my options and found the best coverage for my needs. I highly recommend them for anyone looking for a reliable insurance agent! Safe Time, Safe Money, Best Coverages..

Insurance နဲ့ ပတ်သက်ရင် မသိတာတွေကို အမြဲတမ်း စိတ်ရှည်စွာ ရှင်းပြပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် Kairox Solution Agency is the best.👍

ဗဟုသုတများနှင့် မေးလေ့ရှိသော မေးခွန်းများ

Medicaid သည် ပြည်ထောင်စုနှင့်ပြည်နယ်အစိုးရမှ အတူတကွ သတ်မှတ်ထားသည့်ဝင်ငွေနှင့်ကိုက်ညီသော သူများ သို့မဟုတ် ဝင်ငွေနည်းပါး သူများအတွက် တဦးချင်းလိုက်ဖြစ်စေ , မိသားစုလိုက်ဖြစ်စေ၊ အသက်အရွယ်မရွေး အခမဲ့ထောက်ပံ့ပေးသော အစိုးရကျန်းမာရေးအာမခံအစီအစဉ် ဖြစ်ပါသည်။

Medicare သည် အသက် ၆၅ နှစ်နှင့် ၆၅ နှစ်အထက်ရှိသူများအတွက် ပြည်ထောင်စု အစိုးရမှထောက်ပံ့ပေးသော ကျန်းမာရေးအာမခံအစီအစဉ် ဖြစ်ပါသည်။ Medicare အား မိမိနေထိုင်ရာပြည်နယ်ရှိနီးစပ်ရာ Social Security Administration ရုံးမှတဆင့်လျှောက်ထားနိုင်ပါသည်။

Marketplace သည် အမေရိကန်ပြည်ထောင်စုတွင်နေထိုင်သည့် မည်သူမဆို ကျန်းမာရေးအာမခံအစီအစဉ်များကို လျှောက်ထားနိုင်ရန် သို့မဟုတ် ဝယ်ယူနိုင်သည့် နေရာဖြစ်ပြီး ပြည်ထောင်စုနှင့်ပြည်နယ်အစိုးရမှတဆင့်ကျန်းမာရေးအာမခံ ကုန်ကျစရိတ်များကိုသက်သက်သာသာဝယ်ယူနိုင်ရန် အထောက်အပံ့များကိုလည်း လျှောက်ထားနိုင်သည့်နေရာဖြစ်ပါသည်။

နှစ်စဉ် ကျန်းမာရေးအာမခံ လျှောက်ထားနိုင်သည့် အချိန်ကာလသည် တနှစ်မှာတကြိမ်ဖြစ်ပြီး ပြည်နယ်အများစုတွင်ပုံမှန် နိုဝင်ဘာ ၁ ရက်ကနေ ဒီဇင်ဘာ ၁၅ ရက်နေ့အထိဖြစ်ပါသည်။ ထိုအချိန်ကာလအတွင်းတွင် သင်သည် ကျန်းမာရေးအာမခံလျှောက်ထားခြင်း၊ လက်ရှိအာမခံအစီအစဉ်အားပြောင်းခြင်း (သို့) ပယ်ဖျက်ခြင်းစသဖြင့် လုပ်ဆောင်နိုင်ပါသည်။ အချို့ပြည်နယ်များတွင် ကျန်းမာရေးအာမခံ လျှောက်ထားနိုင်သည့် အချိန်ကာလသည်ကွဲပြားနိုင်ပါသည်။

အကယ်၍ သင်သည်လက်ရှိ Medicaid ရရှိထားပါက လာမည့် နှစ်တွင် ဆက်လက် ရရှိနိုင်ခွင့်ရှိမရှိနှင့် သင့်၏ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်၊ ဝင်ငွေ (သို့) လူဝင်မှုကြီးကြပ်ရေးဆိုင်ရာအခြေအနေများ စသဖြင့် ကို နှစ်စဉ် အကြောင်းကြား ပြန်လည်လျှောက်ထားရခြင်းဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများအားလုံးသည် အခမဲ့ဖြစ်ပါသည်။

လက်ရှိသတင်းများနှင့် အချက်အလက်များအား ဖတ်ရှုရန်