အဆင့်မြင့် ကောင်းမွန်သောအာမခံ ကုမ္ပဏီများမှ ကျန်းမာရေးအာမခံအစီအစဉ်များကို ကျွန်ုပ်တို့မှတဆင့်အချိန်ကုန်သက်သာစွာ တစ်နေရာထဲမှ ရွေးချယ် လျှောက်ထားနိုင်ပါသည်။ ကျန်းမာရေးအာမခံကုန်ကျစရိတ်များ အားသက်သာစေနိုင်ရန် ကျွန်ုပ်တို့အားမေးမြန်းလျှောက်ထားပါ။
Medicaid & CHIP အစီအစဉ်များသည် အခမဲ့ သို့မဟုတ် ကုန်ကျစရိတ်နည်းပြီး ဝင်ငွေနည်းပါးသူများ နှင့် မိသားစုဝင်များ, ကိုယ်ဝန်ဆောင်သည်များ, သက်ကြီးရွယ်အိုများ နှင့် မသန်းစွမ်းသူများ အတွက် ကျန်းမာရေးအာမခံအစီအစဉ်များဖြစ်ပါသည်။ မိမိနေထိုင်သောပြည်နယ်ပေါ်မူတည်၍ အသက် ၆၅နှစ်အောက်ရှိ သတ်မှတ်ထားသောဝင်ငွေနှင့်ကိုက်ညီသူများ လျှောက်ထားခွင့်ရနိုင်ပါသည်။
မိမိပြည်နယ်မှ Medicaid မရနိုင်သောသူများသည် American Resuce Plan Act of 2021 ၏ စည်းမျဉ်းအသစ်များအရ ဝင်ငွေပေါ်မူတည်၍ လစဉ် ကျန်းမာရေးအာမခံကုန်ကျစရိတ်များကိုသက်သာစေ နိုင်ရန်အတွက် Advanced Premium Tax Credit (APTC) များကိုလျှောက်ထားနိုင်မည်ဖြစ်ပါသည်။ အကယ်၍ သင့်၏ ဝင်ငွေသည် ပြည်ထောင်စုအစိုးရမှသတ်မှတ်ထားသော Federal Poveral Level , ၁၀၀ ရာခိုင်နှုန်း မှ ၄၀၀ ရာခိုင်နှုန်းကြားရှိပါက ကျန်းမာရေး အာမခံကြေးများအတွက် အထောက်အပံ့များရယူနိုင်မည်ဖြစ်ပါသည်။